How to become a “Graphic Designer”

How to become a “Graphic Designer”?

Myo Maung
1 min readJan 8, 2020

--

၁။ မိမိကိုယ် ကို သေချာ ပြန်မေးကြည့်ပါ။
များသောအားဖြင့် လူငယ်အများစုက ဖြစ်ချင်စိတ်ရှိကြ ပေမယ့် တကယ်လေ့လာတဲ့အခါမှာ လက်လျော့သွားတက်ကြပါတယ်။ ထို့ကြောင့် တစ်ခုခု မလေ့လာခင်၊ မစတင်ခင် မိမိကိုယ်ကို ပြန်မေးကြည့်ဖို့လိုအပ်ပါတယ်။

၂။ သင်တန်းကောင်း တစ်ခုကို ရှာတက်ပါ။
Photoshop, Illustrator, Indesign တွေကို မိမိဘာသာ လေ့လာလို့ရပေမယ့် အမြန်လိုချင်သူတွေအနေနဲ့ အချိန်တိုသင်တန်းတွေ တက်ပြီး လေ့လာသင့်ပါတယ်။ ဒီလို သင်တန်းတွေ တက်တဲ့အခါမှာလည်း မတက်ခင် မိမိလိုချင်တဲ့ သင်ကြားချင်တဲ့ အချက်တွေက မိမိတက်ချင်တဲ့ သင်တန်းတွေရဲ့ သင်ရိုးမှာ ပါဝင်သလား၊ ဒါမှမဟုတ် မိမိ သူငယ်ချင်းတစ်ယောက်ယောက်က ထိုသင်တန်းမှာ တက်ဖူးလားဆိုတာကို လေ့လာပြီး ထိုသူငယ်ချင်းရဲ့ အကြံဥဏ်ကို ရယူသင့်ပါတယ်။

၃။ သင်တန်းက သင်ကြားတာတွေကို မိမိ စိတ်ကူးအိုင်ဒီယာဖြင့် ပြန်လည် စမ်းသပ်ဖန်တီးကြည့်ပါ။
သင်တန်းတွေက များသောအားဖြင့် အချိန်အကန့်အသတ်နဲ့သာ သင်ကြားရတာဖြစ်တာကြောင့် အကုန်အိတ်သွန်ဖာမှောက် သင်ကြားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင်တန်းက သင်ပေးတာတွေကို မိမိဖာသာ အိမ်မှာ ပြန်လည် လေ့ကျင့်သင့်ပါတယ်။ လေ့ကျင့်လို့မရပါက သင်တန်းဆရာ ကို ပြန်လည်မေးမြန်းပြီး ထပ်မံလေ့ကျင့်သင့်ပါတယ်။

၄။ အချိန်သတ်မှတ်ချက် တစ်ခုထားပြီးလေ့ကျင့်ပါ။
တစ်နေ့ကို တစ်နာရီ၊ နာရီဝက်လောက် ပြန်လည်လေ့ကျင့်တာ၊ ဒီဇိုင်းနဲ့ ပတ်သတ်တာတွေ ဖတ်ရှုလေ့လာတာတွေကို လုပ်ခြင်းဖြင့် မိမိ ကျွမ်းကျင်မှုကို မြှင့်တင်ပါ။

၅။ သင်တန်းမပြီးခင်ကတည်းက မိမိ Portfolios ကို ပြင်ဆင်ထားပါ။
သင်တန်းပြီးတာနဲ့ အလုပ်တန်းလျောက်မယ်လို့ ရည်ရွယ်ထားသူတွေအနေနဲ့ မိမိ Portfolios ကို သင်တန်းတက်ကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လို တွေပြင်ဆင်ရမလဲဆိုတော့ သင်တန်းမှာလေ့ကျင့်ခဲ့တဲ့ ဒီဇိုင်းတွေ၊ မိမိလေ့ကျင့်ထားတဲ့ ဒီဇိုင်းတွေကို Portfolios အဖြစ်ပြင်ဆင်ထားနိုင်ပါတယ်။

၆။ သင်တန်းပြီးတာနဲ့ အလုပ်လျောက်ပါ။
သင်တန်းပြီးတာနဲ့ တစ်ချို့ဆို သင်တန်းမပြီးခင်ကတည်း အလုပ်လျောက်ထားကြပါတယ်။ ဒါမှ သင်တန်းပြီး အလုပ်ဝင်နိုင်ပြီး တစ်ခါတည်း မိမိကျွမ်းကျင်မှုကို မြှင့်တင်ပြီးသားဖြစ်သွားနိုင်မှာပါ။ အလုပ်လျောက်တဲ့အခါမှာလည်း အလုပ်လိုအပ်ချက်တွေ အကုန်လုံးပြည့်မှ လျောက်တာမျိုးမလုပ်ပဲ အလုပ်ရဲ့ လိုအပ်ချက်တွေရဲ့ တစ်ဝက်လောက် မိမိလုပ်နိုင်တယ်၊ ကျွမ်းကျင်တယ်ဆိုရင်လျောက်သင့်ပါတယ်။

၇။ စဉ်ဆက်မပြတ်လေ့လာပါ။
နေရာတိုင်းမှာ အမြဲတမ်းတိုးတက်နေပါတယ်။ သင်တန်းပြီးသွားလည်း အလုပ်ထဲမှာ ဆက်လေ့လာနေရမှာဖြစ်သလို ဒီ့ထက်မြင့်တဲ့ နေရာတွေ၊ ရာထူးတွေ အလုပ်အကိုင်တွေရဖို့အတွက်လည်း လေ့လာနေရမှာဖြစ်ပါတယ်။

--

--