Graphic Design, Web Design, UI Design တို့ရဲ့ ကွာခြားချက်များ

Myo Maung
2 min readMay 20, 2022

--

Photo by Glenn Carstens-Peters on Unsplash

ဒီရက်ပိုင်း ကျွန်တော့်ကို အမေးအများဆုံး မေးခွန်းကတော့ Graphic Design, Web Design နဲ့ UI Design တို့က ဘာကွာခြားသလဲ၊ ဘာတွေလေ့လာထားသင့်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အားလုံးကို တစ်ယောက်ချင်းဆီလိုက်ဖြေပေးတာထက် ဒီမှာ ရေးထားပြီး Link လေးပေးလိုက်တာက သူတို့အတွက် ပိုအဆင်ပြေမယ်ထင်လို့ အခုလို ရေးလိုက်တာဖြစ်ပါတယ်။ အားလုံးက မှန်တယ် မှားတယ် မရှိပဲ ကျွန်တော့ အတွေ့အကြုံကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။

Graphic Design — ဂရပ်ဖစ် ဒီဇိုင်း
ဂရပ်ဖစ် ဒီဇိုင်နာတွေက typographic (စာလုံး ဒီဇိုင်း) တွေနဲ့ ဓါတ်ပုံတွေကို အရောင်တွေ ပေါင်းစည်းပေးပြီး ကိုယ့်ရဲ့ စိတ်ကူး စိတ်သန်းတွေနဲ့ ကိုယ်ဖန်တီးလိုတဲ့ ဒီဇိုင်းတွေကို အဆင်ပြေပြေ ပြသနိုင်အောင် ပုံဖော်ပေးရတဲ့ ဒီဇိုင်နာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့် ဂရပ်ဖစ် ဒီဇိုင်နာတွေက လိုဂိုဒီဇိုင်းတွေ၊ ပိုစတာ ဒီဇိုင်းတွေ၊ လက်ကမ်းကြော်ငြာဒီဇိုင်းတွေ၊ တစ်ခြား ပုံနှိပ် ကြော်ငြာ ဒီဇိုင်းတွေ၊ မဂဇင်း၊ စာအုပ် အသွင်အပြင် ဒီဇိုင်းနဲ့ ထုပ်ပိုးမှု ဒီဇိုင်းတွေကို အဓိက ထားပြီး ဖန်တီးပေးကြရပါတယ်။ အခုနောက်ပိုင်းမှာတော့ အထက်ပါ ဒီဇိုင်းတွေ အပြင်၊ ဒီဂျစ်တယ် ဒီဇိုင်းတွေဖြစ်တဲ့ website banner ဒီဇိုင်းတွေ၊ web ads ဒီဇိုင်းတွေ၊ email template ဒီဇိုင်းတွေပါ ဖန်တီးပေးကြရပါတယ်။

ဂရပ်ဖစ်ဒီဇိုင်နာတွေက အခြေခံ ဒီဇိုင်း သီအိုရီတွေကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ထားရမှာဖြစ်သလို၊ စာလုံး ဒီဇိုင်း (typography)၊ အရောင် သီအိုရီ (color theory)၊ အမြင်ဆိုင်ရာ သဘောတရာများ (visual hierarchy) တို့ကိုပါ ကျွမ်းကျင်ပိုင်နိုင်ထားရမှာကတော့ ဂရပ်ဖစ်ဒီဇိုင်နာတွေရဲ့ အဓိက လိုအပ်ချက်တွေဖြစ်ပါတယ်။

ဂရပ်ဖစ်ဒီဇိုင်နာများသည် Adobe Photoshop, Adobe Illustrator, Adobe Indesign ကဲ့သို့သော ဆောဖ်ဝဲလ်များကို နေ့စဉ် အသုံးပြုကြရပါတယ်။

ဂရပ်ဖစ်ဒီဇိုင်နာများသည် အိုင်ဒီယာများနှင့် မက်ဆေ့ချ်များ၏ အမြင်အာရုံများကို ပုံဖော်ရန်အတွက် သင်္ကေတများ၊ ရုပ်ပုံများနှင့် စာသားများကို ဖန်တီးကာ ပေါင်းစပ်ဖန်တီးကြသည်။ ဂရပ်ဖစ်ဒီဇိုင်နာများသည် ရုပ်ပုံရေးနည်းများကို ဖန်တီးရန်အတွက် စာလုံး ဒီဇိုင်း (Typographic)၊ အမြင်အနုပညာ (Visual Art) နှင့် စာမျက်နှာအပြင်အဆင်နည်းပညာများကို အသုံးပြုကြပါတယ်။

Web Design — ဝဘ်ဒီဇိုင်း
ဝဘ်ဒီဇိုင်းသည် ဝဘ်ဆိုက်တစ်ခု၏ အမြင်အာရုံနှင့် ခံစားချက်ကို ဒီဇိုင်းထုတ်ရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဝဘ်ဒီဇိုင်နာ တစ်ဦး အနေဖြင့် ဝဘ်ဆိုက်အသုံးပြုသူများ အဆင်ပြေပြေအသုံးပြုနိုင်ရေးအတွက် အသုံးပြုသူတို့ရဲ့ အနေအထား အသွင်အပြင်ကို သိရှိထားရမှာဖြစ်ပါတယ်။ ဝဘ်ဆိုက်တစ်ခု ဖန်တီးဖို့အတွက် wireframe ပြင်ဆင်ခြင်း၊ ပါဝင်မည့် အကြောင်းအရာ၊ အချက်အလက်များနှင့် ဓါတ်ပုံ များကို စုစည်းပြီး နောက်ဆုံး ဝဘ်ဆိုက်ဒီဇိုင်း UI ပုံပေါ်လာသည်အထိ ဖန်တီးကြရမှာဖြစ်ပါတယ်။

ဝဘ်ဒီဇိုင်နာများသည် ဒီဇိုင်းအခြေခံများကို ဂရပ်ဖစ်ဒီဇိုင်နာများ သိထားသလို သိထားရန် လိုအပ်သည်။ ဝဘ်ဆိုဒ်များအတွက် UI ကို ဒီဇိုင်းထုတ်သည့်အခါ စာလုံး ဒီဇိုင်း (typographic)၊ အရောင် (color)၊ အမြင်ဆိုင်ရာ သဘောတရာများ (visual hierarchy) တို့ကို မည်သို့အသုံးပြုရမည်ကို နားလည်ရန် လိုအပ်ပါတယ်။

ဝဘ်ဒီဇိုင်းသည် ဝဘ်ဆိုဒ်များ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတွင် မတူညီသော ကျွမ်းကျင်မှုနှင့် ပညာရပ်များစွာ ပါဝင်သည်။ ဝဘ်ဒီဇိုင်း၏ မတူညီသော နယ်ပယ်များတွင် ဝဘ်ဂရပ်ဖစ်ဒီဇိုင်း ပါဝင်သည်။ ဥပမာ website banner design နှင့် ကြော်ငြာ ဒီဇိုင်းတို့ဖြစ်ပါတယ်။ အင်တာဖေ့စ်ဒီဇိုင်း (user interface design)၊ အသုံးပြုသူအတွေ့အကြုံဒီဇိုင်း (User Experience) နှင့် search engine optimization စသည်တို့ ပါဝင်ပါတယ်။

User Interface (UI) Design — အသုံးပြုသူ အင်တာဖေ့စ် ဒီဇိုင်း
“User interface design (UI) သို့မဟုတ် user interface engineering သည် ကွန်ပျူတာများ၊ အိမ်သုံးပစ္စည်းများ (home appliance)၊ မိုဘိုင်း နှင့် အခြားသော အီလက်ထရွန်နစ်ပစ္စည်းများကဲ့သို့သော စက်များ၏ ဆော့ဖ်ဝဲလ်များအတွက် အသုံးပြုသူ၏ အင်တာဖေ့စ် ဒီဇိုင်းဖြစ်ပြီး အသုံးပြုနိုင်မှုနှင့် အသုံးပြုသူတို့၏ အတွေ့အကြုံကို အမြင့်ဆုံးဖြစ်စေရန် အတွက် ဒီဇိုင်းကို ဖန်တီးပေးရသော ဒီဇိုင်နာမျိုး ဖြစ်ပါတယ်။

ကောင်းမွန်သော user interface design သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ခံစားချက်ကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

User Interface သည် အသုံးပြုသူနှင့် application များကြား ဆက်သွယ်မှုအဆင့်ဖြစ်သည်။ ၎င်းကို ခံစားတက်မှုနှင့် စိတ်ခံစားမှုဟူ၍ (feeling & emotion) အဆင့်နှစ်ဆင့် ခွဲခြားနိုင်ပါတယ်။ အတိုချုပ်ပြောရလျှင်၊ အသုံးပြုသူအင်တာဖေ့စ်ဒီဇိုင်းသည် သုံးစွဲသူများအတွက် အသုံးပြုရလွယ်ကူပြီး အသုံးပြုသူဗဟိုပြုသောဒီဇိုင်းကိုရရှိရန်ဖြစ်ပါတယ်။

UI Designer များသည် မှန်ကန်သော အင်တာဖေ့စ်များကိုရွေးချယ်ခြင်းနှင့်ပတ်သက်၍ စာသား (typography)၊ ခလုတ်များ (buttonn)၊ စာသားအကွက်များ (text fields)၊ အရောင်များ (color theory) စသည်တို့ကို မှန်ကန်စွာ ရွေးချယ် အသုံးပြုကြရမှာဖြစ်ပါတယ်။ အသုံးပြုသူများ အလွယ်တကူ နားလည်သဘောပေါက်ပြီး လွယ်ကူစွာအသုံးပြုနိုင်မည့် နည်းလမ်းဖြင့် စခရင်ပေါ်တွင် ၎င်းတို့ကို စီစဉ်ပေးထားရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်မှာ အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်မှုကို တတ်နိုင်သမျှ ထိရောက်ပြီး ရိုးရှင်းအောင် ပြုလုပ်ရန်ဖြစ်ပါတယ်။

Sketch, InVision၊ Figma, Adobe XD တို့ဟာ user interface designer တို့၏ အသုံးအများဆုံး tools များဖြစ်ပါတယ်။

--

--